Lyrics into Song Gerador de Letras Removedor de voz Preços Minhas Músicas App

Dream's Coming Soon

Song generated By ✨LyricsintoSong.com

Song Cover
v5 Lite

@ Alter Excel

2026-10-04 03:22:50

Letras

[Verse 1 - Male]
စာနာခြင်းနဲ့ပါးတဲ့ နေ့ရက်များထဲမှာ
တာဝန်နဲ့ ၀တ္တရားများကြားထဲမှာ
မင်းရဲ့ ဖေးမမှုသာမရှိခဲ့ဘူးဆို
ဒီလူ လေလွင့်ခဲ့တာ ကြာနေပြီ

[Verse 2 - Female]
ခက်ခဲခြင်းတို့နဲ့ လျှောက်လှမ်းနေချိန်
ခွန်အားအပြည့်နဲ့ မင်းရဲ့လက်တစုံကြောင့်
ရင်ဆိုင်ကျော်ဖြတ် အောင်မြင်စေလို့
ငါလေ ရင်ထဲ တန်ဖိုးထားသွားမှာပါ

[Chorus - Duet]
တခါတလေ အထင်အမြင်လွဲသွားချိန်
စိတ်နာစရာ စကားများနဲ့ မတိုက်ခိုက်ပါနဲ့
ငါတို့အချစ်တွေကို အနိုင်ယူရက်မှာလား
ငါ့မျက်ရည်မြင်ရချိန်
မင်း အဆင်ပြေနိုင်လို့လား
မင်း ဝမ်းနည်းတာမြင်ရရင်
ငါ့အတွက် အဆင်မပြေဘူး

[Verse 3 - Male]
စက္ကန့်တိုင်းသာ စကားပြောတက်ရင်
မင်းရဲ့ ခပ်မာမာ စကားလုံးတိုင်းကို
အလေးထားလို့ ချစ်နေတဲ့ကြောင်း
ဂရုစိုက်လို့ ပြုပြင်နေတဲ့ကြောင်း
ငါ့ရဲ့ ကိုယ်စား ပြောပြစေချင်တယ်

[Verse 4 - Female]
အပြန်လှန် အားများနဲ့ တည်ဆောက်ခဲ့တဲ့
ဘ၀လေးမို့ ဘယ်လိုမှအဖျက်ဆီးမခံနိင်လို့
တခါတလေစကားလုံးတွေ ပြင်းထန်ခဲ့မိတာ
နားလည်မှုနဲ့ ခွင့်လွှတ်ပေးပါနော်

[Final Chorus - Duet]
တခါတလေ အထင်အမြင်လွဲသွားချိန်
စိတ်နာစရာ စကားများနဲ့ မတိုက်ခိုက်ပါနဲ့
ငါတို့အချစ်တွေကို အနိုင်ယူရက်မှာလား
ငါ့မျက်ရည်မြင်ရချိန်
မင်း အဆင်ပြေနိုင်လို့လား
မင်း ဝမ်းနည်းတာမြင်ရရင်
ငါ့အတွက် အဆင်မပြေဘူး

[Bridge - Duet]
ကျရှုံးလဲ အားမငယ်ပါနဲ့
တက်ကျိုးလဲ လက်နဲ့လှော်မှာပေါ့
ခက်ခဲလဲ ဝမ်းမနည်းနေပါနဲ့
မုန်တိုင်းအပြီး တို့သမိုင်းရေးကြမယ်
မင်းရဲ့အပြုံးဟာ ငါ့ရဲ့ အရှုံးကိုပျောက်စေမယ်
မင်းရဲ့ သစ္စာ ငါ့ကို ချစ်တာ အမြဲယုံတယ်
အတူတူ တည်ဆောက်သွားပါစို့
တို့နှစ်ယောက်ရဲ့အိမ်မက် နီးလာပြီ
အခက်ခဲတိုင်း ကျော်ဖြတ်ကြပါစို့
တို့နှစ်ယောက်ရဲ့အနာဂတ် ပြည့်စုံအောင်

[Outro Male + Female Vocal]
ကျရှုံးလဲ အားမငယ်ပါနဲ့
တက်ကျိုးလဲ လက်နဲ့လှော်တာပေါ့
မုန်တိုင်းအပြီး တို့သမိုင်းရေးတာပေါ့
အတူတူ တည်ဆောက်သွားပါစို့
တို့နှစ်ယောက်ရဲ့အိမ်မက် နီး...လာ....ပြီ
ဟူး...ဟူး...နီးလာပြီ

Estilo de Música

Pop, Rock,, Romantic, Motivational, Female Vocals, Male Vocals, Spoken Word, Acoustic Guitar, Bass, Drums, Moderate (76-108 BPM)